ရပ်စောက် မတ်၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ (တောင်ကြီးခရိုင်)၊ ရပ်စောက်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေနံနက်ပိုင်းက ရပ်စောက်မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-၁)ကျောက်စိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် ရပ်စောက်မြို့နယ် ပညာရေးမှူးဦးမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်အုန်းမှ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတာဝန်ခံ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန့်ဇင်ထွန်းမှ သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့သည်။ သင်တန်းတွင် စာသင်ခန်း(၂၉) ခန်းထားရှိပြီး နည်းပြနှင့်သင်တန်းသားဦးရေ စုစုပေါင်း (၈၆၆) ဦးခန့်ရှိကြောင်း လက်ထောက်မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)