ပုဗ္ဗသီရိမြို့နယ်တွင် မသန်စွမ်း ၄၂ ဦးအား  ထောက်ပံ့ငွေပေးအပ်

ပုဗ္ဗသီရိ မတ် ၂၉

ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်​ကြီးဌာန၊ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ​ ထောက်ပံ့ကြေးပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ် ဆယ်​ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး​ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့များက ရပ်ကွက်​နှင့်ကျေးရွာအုပ် စုများအတွင်းရှိ မသန်စွမ်း ၄၂ ဦးကို တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်း​ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)