ဟိုပန်၌ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ဟိုပန် မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လည်(၁၂)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ မြသိန်းတန် သာသနာပြု ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ပြီး မြသိန်းတန်သာသနာပြုပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော် ဩဝါဒစရိယ ဘဒ္ဒန္တ သောဘိတထံမှ စာမေးပွဲဆိုင်ရာ ဩဝါဒကထာ နာယူကြည်ညိုကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီး ကိုးပါးတို့အား နဝကမ္မလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၊ ဟိုပန်စာဖြေဌာန၌ အခြေပြုမူလတန်းတွင် သာမဏေ(၁၀)ပါး၊ သီလရှင် (၄)ပါး၊ ပထမငယ်တန်းတွင် သာမဏေ(၃)ပါး၊ သီလရှင်(၆)ပါး၊ ပထမလတ်တန်းတွင် သာမဏေ(၁)ပါး၊ သီလရှင်(၁)ပါး၊ ပထမကြီးတန်းတွင် ရဟန်း(၁)ပါး ဖြေဆိုခဲ့ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)