ပုဗ္ဗသီရိမြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို

ပုဗ္ဗသီရိ မတ် ၂၉

ပုဗ္ဗသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကို သာသနာ​ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  ပုဗ္ဗသီရိမြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ အေးမြင့် သာယာ​ကျေးရွာအုပ်စု၊ အောင်စည်သာပရိယတ္တိ စာသင်တိုက်၌ ယမန်နေ့ မွန်းလွဲပိုင်းက​ ပြုလုပ်ခဲ့သည်။

အစိုးရပါဠိပထမပြန် စာမေးပွဲကို ပုဗ္ဗသီရိမြို့နယ်၊ နိုင်ငံတော် သံဃနာယက အဂ္ဂမဟာပဏ္ဍိတ အောင်စည်သာကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏနှင့်အတူ ​ မြို့နယ်သံဃနာယကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပထမကြီးတန်းမှ ရှိရင်းရဟန်း ၃၄ ပါး၊ ဖြေဆို ၃၃ ပါး၊  ပထမလတ်တန်းမှ  ရှိရင်း ရဟန်း ၁၃ ပါး၊ ဖြေဆို ၁၀ ပါး၊ ပထမငယ်တန်း  ရှိရင်း ရဟန်း ၁၃၂ ပါး၊ ဖြေဆို ၁၁၇ ပါး၊  အ​ခြေပြုမူလတန်းမှ ရှိရင်းရဟန်း ၁၈၃ ပါး ဖြေဆို ၁၄၃ ပါး၊  စုစု​ပေါင်း ၃၀၃ ပါးတို့ အသီးသီး ဖြေဆိုလျက်ရှိပြီး စာဖြေရဟန်းများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ ​ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို  မတ်လ ၂၈ ရက်နေ့ မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)