တန့်ယန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တန့်ယန်း မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှကြီးမှူး၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်နိုင်ကြရန်အတွက် လည်းကောင်း၊ ပွင့်လင်းရာသီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြို့သန့်ရှင်းသာယာ လှပရေးအတွက်နှင့် မိမိဝန်းကျင်သန့်ရှင်း သာယာလှပရန် ရပ်ကွက်တိုင်း ဝိုင်းဝန်းဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ စနစ်တကျ လိုက်နာဆောင်ရွက်ရေး၊  အိမ်ထောင်စုလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ နိုင်ငံစီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေး/မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မရပ်ကွက်(၁၀)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်းသိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)