ဟိုပုံး မတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။
ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က စာဖြေသံဃာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း (၉)ပါး၊ ပထမလတ်တန်း(၁၃)ပါး၊ ပထမငယ်တန်း(၄၉)ပါး၊ အခြေပြုမူလတန်း(၁၉၉)ပါး စုစုပေါင်း သံဃာတော်နှင့် သီလရှင် (၂၂၆)ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)