တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်

တောင်တွင်းကြီး မတ် ၂၈

မ‌ကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်တွင်းကြီးမြို့ အ.ထ.က(၁)ကျောင်း စာသင်ခန်းအသီးသီးတွင် ဆွေနွေးပို့ချပေးလျက်ရှိသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများက မူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းနှင့် သင်ကြားပို့ချမည့် ဘာသာရပ် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ မူလတန်းအဆင့် ဘာသာရပ် မွမ်းမံသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၅၃)ကျောင်းမှ မူလတန်းပြ ဆရာ၊ ဆရာမ (၁၂၂၄)ဦးအား နည်းပြဆရာ၊ဆရာမ(၄၁)ဦးတို့က ဆွေးနွေး ပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ (၂၈)ရက်မှ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ (၄) နာရီအထိ သက်ဆိုင်ရာဘာသာရပ်များကို ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)