မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မူလတန်းအဆင့် ဆရာ၊ ဆရာမများ၏ သင်ယူမှု၊ သင်ကြားမှု အရည်အသွေးမြင့်မားလာစေရန်နှင့် ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာကိုကျွမ်းကျင်မှုရှိပြီး သင်ယူမှု၊ သင်ကြားမှု ထိရောက်စွာတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံ ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အ.ထ.က(၁) မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦစွာ မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှူး ဒေါ်မို့မို့ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းတက်ရောက်ခြင်းဖြင့် ဘာသာရပ်နှင့် သက်ဆိုင်သော အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆများဖလှယ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ(၅၀၀)ဦးက တန်းခွဲအလိုက် တက်ရောက်ခဲ့ပြီး နည်းပြဆရာ၊ ဆရာမ(၁၅)ဦးမှ Grade 1 မှ Grade 5(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ စစ်ဆေးအကဲဖြတ်ခြင်း) (ဂီတ၊ ကာယ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ) ဘာသာရပ်များကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)