ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်

ဒဂုံအရှေ့ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား/သူများအနေဖြင့် ထိရောက်သောသင်ယူမှုများ စဉ်ဆက်မပြတ်ရရှိစေရန်အတွက် မြို့နယ်အဆင့်အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၆)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆွေးနွေးပွဲဖွင့်ပွဲကို မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်တွင် အခြေခံပညာကျောင်းများ၌သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာမူလတန်းအဆင့်ဆရာ၊ ဆရာမများအတန်းအလိုက်၊ ဘာသာရပ်အလိုက်သင်ကြားမှုအရည်အသွေးများကို ထပ်ဆင့်မွမ်းမံ၍သင်တန်းဖွင့်လှစ်ကာဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာစည်းကမ်းချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ ဘာသာရပ်အလိုက်ဆွေးနွေးပို့ချပေးကြမည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီးနောက် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းတွင်ဆွေးနွေးပို့ချကြမည့် နည်းပြများအဖြစ် မူလတန်းကျောင်းအုပ်ကြီး ဆရာ/မ(၉)ဦးတို့ကဦးဆောင်၍ ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်း၌ဆွေးနွေးပို့ချကြမည်ဖြစ်ရာ  မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ/မ(၃၀၀)ဦး တက်ရောက်ဆွေးနွေး၍ သင်တန်းကာလမတ်(၂၈)ရက်မှ (၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်( ပြန်/ဆက်)