တာမွေ မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား အခြေခံပညာ(မူလတန်း)ဘာသာရပ်များကို သင်တန်းနည်းပြများနှင့်အတူ ပူးပေါင်းပါဝင် ဆွေးနွေး နိုင်စေရန်နှင့် သင်တန်းနည်းပြများမှ ဦးဆောင်၍ သင်ကြားရေးတွင် ကျောင်းသားဗဟိုပြုနည်းဖြင့် ပါဝင်ဆွေးနွေးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ(မူလတန်း)ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဇွဲခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ(မူလတန်း)ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာ(မူလတန်း) ဘာသာရပ်များအလိုက် ဆွေးနွေးခြင်းကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ(မူလတန်း)ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲတွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများ၊ မူလတန်းပြများ၊ ဒုတိယမူလတန်းပြများ၊ လက်ထောက်မူလတန်းပြများနှင့် မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ နားမကြားသော ကလေးများ ကျောင်း(ရန်ကုန်)တို့မှ သင်တန်းသား/သူ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၂)ဦးတို့က ၂၀၂၃-ခုနှစ် မတ်(၂၈)ရက်နေ့မှ မတ်(၃၁)ရက်နေ့အထိ KG သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံ၊ သင်ယူဖွံ့ဖြိုးမှု နယ်ပယ်များ၊ ကလေးဗဟိုပြု ချဉ်းကပ်နည်းများ၊ ကစားခြင်းဖြင့် သင်ယူနည်းများ၊ အခြေခံပညာ (မူလတန်း)ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေး ဘာသာရပ်များ၏သင်ခန်းစာဖွဲ့စည်းပုံ၊ သင်ကြားနည်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ၏ သင်ကြား၊ သင်ယူမှုအရည်အသွေးမြင့်မားပြီး အရည်အချင်းရှိသည့် ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်