တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ အေးချမ်းစွာစတင်ဖြေဆို

တံတားဦး မတ် ၂၈

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက တံတားဦးမြို့ မေဃဝန်ပရိယတ္တိ စာသင်တိုက် ရွှေမင်းသမီးဗိမာန်တော်၌ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မူလတန်းတွင် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒိပနီ ဖြေဆိုရန်  စာရင်းပေးထားသည် ဆရာတော်သံတော် သံဃာတော်(၆၉)ပါး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော်(၅၅)ပါး၊ ပထမငယ်တန်းတွင်  ဘိက္ခုပါတိမောက်/ဓမ္မပဒကို ဖြေဆိုရန် (၃၆)ပါးရှိသည့်အနက် ဆရာတော်သံဃာတော် (၂၃)ပါး၊ ပထမလတ်တန်းတွင် ဒွေမာတိကာဘာသာ/ဒမ္မပဒကိုဖြေဆိုရန် (၂၅)ပါးရှိသည့် အနက် (၁၁)ပါး ၊ ပထမကြီးတန်းတွင်  ဒွေမာတိကာဘာသာ/ဒမ္မပဒကို ဖြေဆိုရန် (၂၄)ပါးရှိသည့်အနက် (၁၃)ပါး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော်ပေါင်း(၁၀၂)ပါး ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်းအားဖြင့် (၆၆.၂၃)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ထံမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)