မြစ်သားမြို့နယ်၌ တစ်နိုင်တစ်ပိုင် ပဲပုပ်လုပ်ငန်းဖြင့် မိသားစုဝင်‌ငွေများတိုးပွား

မြစ်သား မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအနောက်ရပ်ကွက်၌ တစ်နိုင်တစ်ပိုင် (ဒေါ်တင် ပဲပုပ်)လုပ်ငန်းဖြင့် မိသားစုဝင်ငွေများတိုးပွားလျက်ရှိကြောင်း သိရသည်။

ဗမာပဲပုပ်စေ့ကို (၂၄) ပြည် ဒယ်နှစ်လုံးဖြင့် ရေကိုထည့်၍ တစ်နေကုန်အောင် ပြုတ်ထားပြီး နှစ်ညအိပ် အပုပ်ခံထားရကြောင်း၊ အပုပ်ခံပြီးသောပဲများကို ဆားထည့်ကာ ဆုံတွင်ထောင်းပြီး ဝါးကပ်များပေါ်တွင် အပြားများတင်၍ တစ်နေကုန်အောင် နေလှမ်းပေးရကြောင်း၊ခြောက်သွေ့သောအခါ အိတ်ဖြင့်ထည့်ကာ (၅၀)ကျပ်သားအိတ်တစ်ထုတ်လျှင်(၄၀၀ဝိ/ )နှင့် (၂၅)ကျပ်သား အိတ်တစ်ထုတ်လျှင်(၂၀၀ဝိ/) ဖြင့် ရောင်းချလျက်ရှိရာ တနေ့လျှင်အချိန်(၃၀)ပိဿာကျော်ကို လက်လီလက်ကားဖြင့် မြစ်သားစျေးအတွင်း ရောင်းချပေးလျက်ရှိကြောင်း၊ (ဒေါ်တင်ပဲပုပ်) သည် ဘီတာမင်ဓါတ်အပြည့်အဝပါရှိပြီး ဓါတုဆေးဝါးများ သုံးစွဲခြင်း မရှိပါသောကြောင့် ကျန်းမာရေးအရလည်းအထောက်အကူပြု၍ အလွန်ကောင်းမွန်ကြောင်း (ဒေါ်တင် ပဲပုပ်) လုပ်ကိုင်သူ ဒေါ်လှမြင့်ထံမှ ပြောကြားကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် (ဒေါ်တင် ပဲပုပ်) လုပ်ငန်းကို မိဘဘိုးဘွားလက်ထက်မှစတင်၍ လက်ငုတ်လုပ်ငန်းကို အစဉ်အလာဖြင့် လုပ်ကိုင်ခဲ့ရာ နှစ်ပေါင်း (၅၀)ကျော် ယနေ့အချိန်ထိ တနိုင်တပိုင် မိသားစုဝင်ငွေများတိုးပွားအောင် လုပ်ကိုင်လျက်ရှိ‌‌ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)