မှော်ဘီ မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၂-၂၀၂၃၊ ပညာသင်နှစ် အခြေခံပညာ(မူလတန်း)မြို့နယ်အဆင့် စွမ်းရည်မြှင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ် ပညာရေးမှူး ဒေါ်စမ်းစမ်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဆိုင်ရာလမ်းညွှန်နှင့်ပတ်သတ်သည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာ၊ ဆရာမ(၇၁)ဦး၊ မူလတန်း အဆင့်ဆရာ၊ ဆရာမ(၅၅၆)ဦး စုစုပေါင်း(၆၂၇)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကို ဗဟိုအဆင့်၊ တိုင်းအဆင့်အတွင် ဘာသာရပ်အလိုက် နည်းပြသင်တန်းဆင်း ဆရာ၊ ဆရာမ မူလတန်းအဆင့်(၄၅)ဦးတို့က ဘာသာရပ်အလိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်းကာလကို မတ်လ ၂၈ မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)