ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

လားရှိုး မတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ် ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒါစရိယ၊ ဗောဓါရုံ ကျောင်းတိုက် ဦးစီနာယကဆရာတော် ဘဒ္ဒန္တနာရဒထံမှ ငါးပါး သီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုခဲ့ကြသည်။ ဆက် လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းမှူးက အလှူငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ လှူဒါန်းရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)