မိုင်းကိုင် မတ် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များသို့ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့မနက်ပိုင်းက ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ တောင်ကြီးမြို့၏ ကွက်ကဲမှုအောက်ရှိ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း ဦးဆောင်သောဝန်ထမ်းများက မိုင်းကိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မဇ္ဇျိမရာမစာသင်တိုက်ရှိ ရဟန်း၊ သာမဏေ၊ ကိုရင်၊ စာသင်သား သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)