ကွန်ဟိန်းမြို့၌ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ ကျင်းပ

ကွန်ဟိန်း မတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့၌ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နန်းဖြူဆိုင်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် ဒု-မြို့နယ်ပညာရေးမူး ဦးကျော်သူရိန်မှ သင်တန်းဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် ကွန်ဟိန်းမြို့နယ်အတွင်းရှိ မူလတန်းအဆင့် ဆရာ/ဆရာမ (၁၀၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ(၄)ဦးတို့မှ သင်တန်းပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းအား (၂၈-၃-၂၀၂၃)ရက်နေ့မှ (၃၁-၃-၂၀၂၃)ရက်နေ့အထိ (၄)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)