သိန္နီ မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးခရိုင်၊ သိန္နီမြို့၌ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော ဆရာ၊ ဆရာမများ ပေါ်ပေါက်လာစေရန်၊ စနစ်သစ်ပညာရေးတွင် မရှိမဖြစ်သတ်မှတ်ထားသော သင်ကြားရေးစနစ် ITPR (Introduction, Teaching, Practice, Review) Procedure လေးအတိုင်း လက်တွေ့သင်ကြားပေးရန်၊ သင်တန်းတွင် ရှောင်ရန်၊ ဆောင်ရန်နှင့် စည်းမျဉ်းစည်းကမ်းများလိုက်နာစေရန် ပြောကြားသည်။ အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG နှင့် Grade-5 အတန်း ၆ ခန်းနှင့် နည်းပြ ၆(ဦး) စုစုပေါင်း(၁၇၂)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလသည် (၂၈−၃−၂၀၂၃) မှ (၃၁−၃−၂၀၂၃) ရက်နေ့ထိ (၄) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)