ရွှေပြည်သာမြို့နယ်၌ အခြေခံပညာ(မူလတန်း)မြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်

ရွှေပြည်သာ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အခြေခံပညာ(မူလတန်း)မြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ကြောင်းသိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူးဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနှင့်ပတ်သက်သည့်စည်းမျဉ်းစည်းကမ်းများအား မှာကြားခဲ့ကြောင်းသိရသည်။ သင်တန်းသို့ရွှေပြည်သာမြို့နယ်အတွင်းရှိ မူလတန်းပြဆရာ/ဆရာမ(၅၅၈)ဦးတက်ရောက်ပြီး သင်တန်းနည်းပြဆရာကြီး/ဆရာမကြီး(၂၂)ဦး သင်တန်းကြီးကြပ်(၅)ဦးတို့မှ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)