မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

မောက်မယ် မတ်၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုး ဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ယနေ့နံနက် (၉)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်ဦးနှင့် ဦးထွန်းနေအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး အ.မ.က (မွေတော်)ကျောင်းအုပ်ဆရာကြီး ဦးစိုင်းအေးနိုင်က သင်တန်းနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို သိရှိစေရန်ရည်ရွယ်ချက်ဖြင့် မွမ်းမံသင်တန်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုမွမ်းမံသင်တန်းတွင် မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်ကြားနေသည့် ဆရာ/ဆရာမများ(၁၉၀)ဦးတက်ရောက်ကြပြီး နည်းပြ(၇)ဦးမှ မတ်လ(၂၈)ရက်မှ(၃၁)ရက်နေ့ အထိ (၄) ရက်တာ မူလတန်းဆင့်ဘာသာရပ်အလိုက်သင်ခန်းစာအား တစ်ရက်ကို(၇)ချိန်ဖြင့် သင်တန်းပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)