တိုက်ကြီး မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ ဆရာမများ၏ အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ် မွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
အဆိုပါ အခြေခံပညာမူလတန်းဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွမ်းမံ သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်း၌ မတ်လ(၂၈) ရက်မှ (၃၁) ရက် အထိ နည်းပြ (၅၁)ဦးတို့က ဘာသာရပ်အလိုက် စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြိုနယ်အတွင်းရှိ အခြေခံပညာမူလတန်းဆင့် ဆရာ၊ဆရာမ (၁၄၈၂) ဦး တက်ရောက်လျက်ရှိကြောင်း ခရိုင်ပညာရေးမှုးရုံးမှ သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည် မြှင့်မွမ်းမံသင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပညာရေးမှူး ဦးဆောင်သော ခရိုင်အဆင့် သင်တန်းကြီးကြပ်မှုကော်မတီ၊ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ ကျောင်းလုံခြုံရေး ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ ဆက်)