ကျီခါးမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါခေါ်ယူ

ကျီခါး   အောက်တိုဘာ    ၂ 

 ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ်(၁၀)သန်းမှ ငွေကျပ် သန်း(၁၀၀)ကြား လုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါများခေါ်ယူလျက်ရှိကြောင်း သိရသည်။

ကျီခါးမြို့ စည်ပင်သာယာရေးအဖွဲ့၏  ၂၀၂၀-၂၀၂၁ဘဏ္ဍာ‌‌ရေးနှစ်အတွင်း ငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြား ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျီခါးမြို့ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း(၁၀)မျိုးရှိပြီး အဆိုပါ လုပ်ငန်းတင်ဒါများအတွက် အိတ်ဖွင့် တင်ဒါ‌ ‌လျှောက်လွှာများကို ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ(၂၈)ရက်နေ့မှ စတင်ရောင်းချပေးလက်ရှိရာ ကျီခါးမြို့စည်ပင်သာယာရေးရုံး ၌အောက်တို (၁)ရက်နေ့မှ စတင်၍ တင်ဒါလျှောက်လွှာများကို ၀ယ်ယူ၊တင်သွင်းနိုင်ကြောင်းနှင့် (၁၂-၁၀-၂၀၂၀)နောက်ဆုံးတင်သွင်း ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ‌ လုပ်ငန်းတင်ဒါများအတွက်(၁၆.၁၀.၂၀၂၀)ရက်နေ့တွင် တင်ဒါလျှောက်လွှာ ပိတ်မည်ဖြစ်ပြီး  လျှောက်လွှာတင်သွင်း လိုသူများအနေဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့ရုံးတွင် လျှောက်လွှာများအချိန်မီ၀ယ်ယူ၊ တင်သွင်းခြင်းများ ဆောင်ရွက်နိုင် ကြောင်းနှင့် လုပ်ငန်းတင်ဒါ ကြော်ငြာစာနှင့်စည်းကမ်းချက်    အသေးစိတ်အချက်အလက် များအား  အများမြင်သာသည့် နေရာများဖြစ်သော မြို့အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ကြော်ငြာသင်ပုန်း၊ ပြန်/ဆက်ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၊ စည်ပင်သာယာ‌ရေးရုံး စသည့်နေရာများ၌ ကျယ်ကျယ်ပြန့်ပြန့်အ သေးစိတ်သိရှိလေ့လာဖတ်ရှုနိုင်ရန်  ကပ်ထားပေး လျက်ရှိကြောင်း သိရသည်။ 

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)