ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ရေးသူ/ ဖတ်သူ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဗဟန်း  မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊  ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community   Centre ၌ယနေ့ ၊ ညနေ ၃ နာရီ က စာပေချစ်မြတ်နိုးသူများနှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ 

အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ခိုင်မင်း(နေပြည်တော်) ရေးသားသည့် အဖေလူညာ သားလူညာ ဝတ္ထုတိုဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာခိုင်မင်း(နေပြည်တော်) က ရှာဖွေကျွေးခဲ့တဲ့ဖခင်ရဲ့ ကျွေးကျေးဇူးနှင့် အဝေးရောက်သား/ သမီးတို့၏မေတ္တာအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ဝတ္ထုတိုတွင်ပါရှိသော အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ‌‌ကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ ဆက်)