တန့်ယန်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ဝေဇယန္တာလမ်းကတ္တရာခင်းနေမှုအား တာဝန်ရှိသူများကြည့်ရှု

တန့်ယန်း မတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ဝေဇယန္တာလမ်း ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းခင်းနေမှုအား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့သည်။

ဝေဇယန္တာလမ်း ကတ္တရာခင်းနေမှုအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ဝေဇယန္တာလမ်းအား မြို့နယ်စည်ပင်သာယာရေးဌာန၏ ကတ္တရာများ ကူညီမှုဖြင့် ရပ်ကွက်နေပြည်သူများစုပေါင်းကာ အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မအား မြေသားလမ်းအဆင့်မှ ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်၍ ငွေကျပ်သိန်း(၂၅၀)ခန့် အကုန်အကျခံ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)