မိုင်းဖြတ်မြို့နယ် မူလတန်းအဆင့် (Grammar)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိုင်းဖြတ် မတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မူလတန်းအဆင့်(Grammar) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်​နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က  သင်ယူတက်​မြောက်ပြီး​သော ပညာရပ်များကို ဆက်လက်​လေ့လာဆည်းပူးနိုင်ရေးနှင့်စပ်လျဥ်းပြီး အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက်(Book Club) အတွင်​​ရေးမှူးဦး​အောင်မြတ်မိုးက စာများများ​လေ့လာဖတ်ရှုနိုင်​ရေး၊ စာဖတ်သူသည် အများအလယ်တွင်  ​ပြောနိုင်၊ ဆိုနိုင်​ကြောင်း၊ အများထက်သာ​ကြောင်း​ အသိပညာ​ပေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်၊ ဒုတိယမြို့နယ်ပညာ​ရေးမှူး ဦးစိုင်း​လောင်​ခေးနှင့် တာဝန်ရှိသူများက သင်တန်းကာလ သင်ယူတက်​မြောက်ခြင်းအ​ပေါ် စမ်းစစ်ခဲ့ပြီး ထူးချွန်သင်တန်းသားများကို ဂုဏ်ပြုဆု​များ ​ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မတ်လ (၁၄)ရက်မှ (၂၄)ရက်​နေ့အထိ သင်တန်းကာလ(၁၀)ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)