စဉ့်ကူးမြို့နယ် သောတုဇန ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

စဉ့်ကူး   မတ်  ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရုံးပင်ကုန်းကျေးရွာရှိ သောတုဇန ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် သပိတ်ကျင်းတပ်နယ်၊ အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး၊ဗိုလ်မှူးကြီးဇော်လတ်ဦး ဦးဆောင်သော စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသော်တာထွန်း၊ အတွင်းရေးမှူး ရဲမှူးဇော်နီချစ်နှင့်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော် (၁)အိတ်၊ ဆီ (၁၀)ပိဿာ၊ ဆား (၅)ပိဿာ၊ ကုလားပဲ (၁၀)ပြည်၊ နို့ဆီ (၅)ဘူး၊ သကြား (၃) ပိဿာ၊ စုစုပေါင်း (၁၉၆၀၀၀) ကျပ် တန်ဖိုးရှိ လှူဖွယ်ပစ္စည်းတို့ကို ကျောင်းထိုင် ဆရာတော်ဦးစန္ဒောဘာသထံ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်က တရားဒေသနာများချီးမြှင့်ဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)