ဒလမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဒလ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမာကဆစ်ရပ်ကွက်ရှိ ဗိုလ်တေဇအားကစားကွင်း၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်ပညာရေးမှူးနှင့်မြို့နယ်အားကစားမှူး တို့က အားကစားဝတ်စုံ များ၊ဆုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းသား၊သင်တန်းသူများက အားကစားနည်းအလိုက် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းကို မတ် ၁ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ဘောလုံး၊ ရိုးရာလက်ဝှေ့၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒိုနှင့်ဝူရှုးစသည့် အားကစားနည်း(၅)မျိုးကို သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူ (၂၂၄)ဦးအား သင်ကြားပြသခဲ့ကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ဆက်)