ရမည်းသင်းမြို့ဝံသပါလမိဘမဲ့ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း   မတ်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲစုတို့ ပူးပေါင်း ၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉ နာရီခွဲက ဝံသပါလ မိဘမဲ့ကျောင်းးဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၉၇)ယာဉ်ထိန်းတပ်ဖွဲ့စု ဒုရဲမှူးကျော်မိုးလှိုင်က ယာဉ်အန္တရာယ်အကြောင်း ပြည်သူများဒုက္ခမရောက်စေ‌ရေးယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းနှင့်လမ်းအချက်ပြ ဆိုင်းဘုတ် သင်္ကေတများသတိရှိစေရေး၊ ယာဉ်စည်းကမ်းဉပဒေဆိုင်ရာများကို ပညာပေးရှင်းလင်း ပြောကြားပြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာနည်းလမ်းများဖြစ်သည့် လူကိုရောင်းစားခံရမှု၊ ငွေပေးကာစည်းရုံးခြင်း၊ ကလေးသူငယ်များကို ခိုင်းစားစေခြင်းတို့ကို ရှင်းလင်းဟောပြောပြီး မိဘမဲ့ဝံသပါလမိဘမဲ့ကျောင်းအတွက် ရသစာအုပ်(၅၀)ကို ခရိုင် ဦးစီးမှူးက ဒါန်းရာဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၊ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းမြတ် နှင့်ဆရာမတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အစရှိသည့် ပညာပေးနံရံကပ် ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကိုပြသရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုကြကာ ခရိုင်ပြန်/ဆက်များမှ ရင်သွေးငယ်ကလေးငယ်များကို စာဖတ်ဝိုင်းများဖြင့် ဖတ်ပြဝိုင်းဝန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)