တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲပြုလုပ်

တကောင်း  မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၂၃)  ရက်နေ့ကလူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူးက ကျောင်းသား လူငယ်များအနေဖြင့် မိမိတို့၏ အားလပ်ချိန်များကို အသိပညာဗဟုတရစေသည့် စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ကောင်းစွာအသုံးချစေလိုကြောင်း၊ ကျောင်းစာအပြင်၊ ပြင်ပဗဟုသု တကြွယ်ဝရန်လိုအပ်ကြောင်း၊ ထို့ကြောင့်အသိပညာဗဟုသုတရရှိနိုင် သည့် စာအုပ်စာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်းစသည့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား အကျယ့်တဝင့်ပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ စာကြည့်တိုက်စည်းကမ်းချက်များနှင့်အညီ စာကြည့်တိုက်အသင်းဝင်များ ပြုလုပ်၍ စာအုပ်များငှားရမ်းဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့တကောင်းမြို့ရှိ  အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း အင်းအား (၂၅)ဉီးတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)