ကျောက်တန်း မတ် ၂၅
(၇၈)နှစ်မြောက်တပ်မတော်နေုကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျပ် (၁၇၇.၆)သန်း ဖြင့် Strong Marlion ကုမ္ပဏီမှ နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ် ကုန်ထုတ်ဂဝံ လမ်းသစ် (၁/၅ မိုင် x ၁၂’x ၉’’ )ထု ခင်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ငွေကျပ် (၂၄၅.၀၅)သန်းဖြင့် နရွဲချောင်-ဘိုးဘ-မုဆိုးဆိပ် ကုန်ထုတ်ဂဝံလမ်း (၂/၁.၄မိုင်x ၁၂’x ၉’’) ထုခင်းခြင်း စုစုပေါင်းလမ်းမိုင် (၄/၁၄မိုင်x ၁၂x၉’’)မိုင် ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ၂၄-၃-၂၀၂၃ရက်နေ့တွင် နရွဲချောင်ကျေးရွာ ၌ကျင်းပပြုလုပ်ခဲ့သည်။
ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအောင်သိုက်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ကုန်ထုတ်ဂဝံလမ်းနှင့် ပတ်သတ်၍ဆောင်ရွက်မှုများရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်မိရပ်ဖဦးစိန်မြင့်က ကျေးရွာပြည်သူများ ကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ သည်။ ကုန်ထုတိဂဝံလမ်းခင်းခြင်းအတွက် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဇော်နောင်၊ သန်လျင်ခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကေဖာက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်၊ နရွဲချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်၊ ဘိုးဘကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့မှ မြေယာလှူဒါန်းပေးပါသောလယ်သမားများအား အမှတ်တရ ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီးကုန်ထုတ်ဂဝံ လမ်းသစ်အား မော်တော်ယာဉ်ဖြင့်စစ်ဆေးခဲ့ပါသည်။ အဆိုပါကုန်ထုတ်ဂဝံလမ်း(၄/၁.၄မိုင်x၁၂’.၉’’)ထု ခင်းပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ စပါး၊ ပဲတီစိမ်း၊နေကြာနှင့် အခြားသီးနှံများဧက ၆၆၀၀ ခန့်အကျိုးကျေးဇူးများရရှိပြီး ကျေးရွာနေပြည်သူများ၊ ပညာရေး၊ ကျန်းမာရေး၊ကုန်ထုတ်ပစ္စည်းများ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီးလူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)