ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဟောပြောဆွေးနွေးပွဲကျင်းပ

ပြင်ဦးလွင် မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်၁၀ နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရန်နှင့် လမ်းအသုံးပြုသူတစ်ဦးအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအား လိုက်နာကြစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးးဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်တိုက်မှုဖြစ်ပွား စေသည့် အကြောင်းရင်းများ၊ မြို့တွင်းလမ်းမများတွင် ထားရှိသည့် သင်္ကေတအမှတ်အသား အဓိပ္ပာယ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများဖောက်‌ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့် အန္တရာယ်များအကြောင်းအား အသိပညာပေးဗီဒီယိုဖိုင်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)