မိုင်းဆတ် မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မီးဘေးလုံခြုံရေးနဲ့ ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းများကိုလည်း ကောင်း၊ ပြည်သူလူထု အနေနဲ့မီးလောင်မှု ဖြစ်ပွားပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားမှုများကို လည်းကောင်း၊ မီးလောင်မှု ဖြစ်ပွားရခြင်းနဲ့ အဓိကအကြောင်းအရင်းများကိုလည်းကောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို လည်းကောင်းမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇင်လတ်က မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာ ကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်း များကိုလည်းဆောင်ရွက်လျက်ရှိကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)