ပင်းတယ မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအားကျားကုန်းကျေးရွာအုပ်စု၊ တည်ပင်ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကာကွယ်ဆေးထိုးခြင်းဆိုင်ရာများကို ရှင်း လင်း ပြောကြားပေးခဲ့သည်။
ထို့နောက် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့တွင်ပါဝင်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ မိမိတို့ဌာနအလိုက်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီးချပြရှင်းလင်းဆွေးနွေး ပြောကြားပေးရာ တက်ရောက်လာသည့် မိဘပြည်သူများက သိရှိလိုသည်များ၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည် ရှင်းလင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)