ဟိုပန်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းနှင့် ဘောလီဘော အားကစားပြိုင်ပွဲများ စတင်ကျင်းပ

ဟိုပန် မတ် ၂၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ် မတော်နေ့ အထိမ်းအမှတ်အကြို ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းနှင့် ဘောလီဘော အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီက စတင်ကျင်းပခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် ပွဲစဉ်(၆)ပွဲနှင့်  ဘောလီဘောအားကစားပြိုင်ပွဲတွင် ပွဲစဉ်(၃)ပွဲ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အဆိုပါ ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် အုပ်စု(၄)စုခွဲ၍ အသင်း(၁၂)သင်းနှင့် ဘောလီဘောအားကစား ပြိုင်ပွဲတွင် အသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)