ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင် ရွက်

ဟိုပုံး  မတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး‌ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ န်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ၊ မြို့နယ်စည်ပင်သာယာရေးဌာနတိုပူးပေါင်း၍ မော်တော် ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုးတပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင်သိရှိ လိုက်နာရမည့်အချက်များ၊ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါ ထိခိုက်မှုမဖြစ်ပွားရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ပအိုဝ်း‌ဒေသ(ပြန်/ဆက်)