မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ဆောင်ရွက်

မိုင်းဆတ် မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အထက(မိုင်းဆတ်)မှ ဆရာမ ဒေါ်နီလာမြင့်ဆွေက တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တပ်မတော်ဖွဲ့စည်း ထူထောင်ခဲ့ပုံ အဆင့်ဆင့်နှင့် (၇၈) နှစ်မြောက် တပ်တော်နေ့ ဦးတည်ချက်များ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ဝတ္တု၊ မဂ္ဂဇင်းများကို ဟောပြောပွဲ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ပြီး မိမိတို့ဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို ငှားရမ်းခဲ့ကြကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)