စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

စဉ့်ကိုင် မတ် ၂၅

စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် သွင်းအားစု ထုတ်ပေးခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊  အဖွဲ့၀င်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် အဖွဲ့၀င်များ၊  မန္တလေးတိုင်းဒေသကြီး၊   စိုက်ပျိုးရေးဦးစီးဌာန၊   ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးဇော်၀င်းထွန်း၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် ၀န်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်  အဖွဲ့၀င်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့်၀န်ထမ်းများ၊ သွင်းအားစု  ကုမ္ပဏီမှအဖွဲ့၀င်များ၊ ၀ယ်ယူကြိတ်ခွဲသူလုပ်ငန်းရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ  တက်ရောက်ခဲ့ကြပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍   မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊   ဒုတိယတိုင်းဒေသကြီး  ဦးစီးမှူး    ဦးဇော်၀င်းထွန်းက စိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့နှင့် သွင်းအားစုရောင်းချသူတို့အား ပူးပေါင်းချိတ်ဆက်ခြင်းဖြစ်ပြီး တောင်သူများ၀င်ငွေတိုးပွားစေရေးအဓိက ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် နိုင်ငံ့စီးပွားရေးမြင့်တင်ရန်ပုံငွေအား တောင်သူများအနေဖြင့် စနစ်တကျသုံးစွဲသွားကြရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ဆောင်ရွက်သွားကြရန်၊ လမ်းညွှန်မှာကြားခဲ့ပြီး နွေစပါးစီမံကိန်းအတွက် သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ကြသည်။

ထို့နောက် တောင်သူများအား တစ်ဧကလျှင်(၂)သိန်းကျပ်နှင့် ညီမျှသောယူရီးယား ဓာတ်မြေသြဇာ ကွန်ပေါင်းဓာတ်မြေသြဇာနှင့်  ပိုးသတ်ဆေးများ  ထောက်ပံ့ပေးအပ်ခဲ့ရာ  ဒေါင့်ကြီးကွေ့ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာမှ တောင်သူ(၁၀)ဦးအား   နွေစပါး မနောသုခစိုက်ဧက(၅၀) အတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ  စပါးသိပ္ပံနည်းကျ  စိုက်ပျိုးနည်းစနစ်ကိုကျင့်သုံး၍ စိုက်ပျိုးထုတ်လုပ်ရန်၊ ပညာပေးဆောင်ရွက်လျက်ရှိကြောင်း တောင်သူများက သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို လိုက်နာကျင့်သုံးဆောင်ရွက်ခြင်းဖြင့်  စပါးအထွက်တိုးစေပြီး ၀င်ငွေပိုမိုရရှိလာမှာဖြစ်ကြောင်း  မြို့နယ် ဦးစီးမှူး ဦးသန်းဇော်ထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)