ပိုင်ကျုံ မတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများအား နွေရာသီကာလ ပူပြင်းခြောက်သွေ့သည့်အချိန်တွင် မီးလောင်မှုဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့က ဆက်လက် ကွင်းဆင်းစစ်ဆေး ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးငြိမ်းအောင် နှင့်မီးသတ်တပ်ဖွဲ့ဝင်များတို့မှ စိုက်ပျိုးရေးဦးစီးဌာန၊ နယ်မြေရဲစခန်းနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံတို့အား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင် ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးပြီး မီးချိတ်၊ မီးကပ် အသုံးပြုပုံအသုံးပြုနည်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံနည်းစနစ်များနှင့် ကြာရှည်ခံအသုံးပြုနိုင်ရေးနည်းလမ်းများကို သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ဝန်ထမ်းများတို့အား အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိ၏ရုံးဌာနတွင် မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်အချက်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာဗဟုသုတ ပိုမိုရရှိစေပါကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)