ဗန်းမော် မတ် ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရှမ်းစာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းစာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ရှမ်းစာအခြေခံသင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူတင်ရှိပါ ကြောင်းနှင့် ပြည်ထောင်စုသမ္မတနိုင်ငံတော်မှာ တိုင်းရင်းသား လူမျိုးကြီး(၈)မျိုး ရှိပြီးတို့တွင် ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်စကား များရှိကြကြောင်း၊ တိုင်းရင်းသား ပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးအတွက် ဘာသာစကားနှင့် စာတို့ကို တတ်ကျွမ်းလျှင်များစွာ အကျိုးရှိပါကြောင်း၊ သင်တန်းတွင် အထူးကြိုးစားသင်ယူကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ မိမိတို့နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားဘာသာစကားများကို လေ့လာသင်ယူနိုင်စေရန်နှင့် အားလပ်ရပ်တွင် အထွေထွေဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသင်တန်းကို မတ်လ ၂၀ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၂၈)ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)