ကွတ်ခိုင် မတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေဂန္ဓမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က သင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပညာရေးမှူး ဦးဆလိုင်းအောင်မြင့်က လမ်းညွှန် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာ၊ ဆရာမ (၄၈)ဦးနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ (၁၅၈)ဦး၊ စုစုပေါင်း(၂၀၆) ဦး တက်ရောက်လျက်ရှိပြီး နည်းပြ (၁၄)ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင် (ပြန်/ဆက်)