ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

ပလောက်   မတ်  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထကြိမ်မြောက် (Sinopharm) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးများကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး  ဦးဟိန်းမင်းအောင်နှင့် ဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်