ခရမ်းမြို့နယ်၌ စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲနှင့်စာအုပ်စာစောင်များလှူဒါန်းပွဲကျင်းပ

ခရမ်း မတ် ၂၀              

ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလှူဒါန်းသည့်စာအုပ်စာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်(၂)တိုက်တို့အား ပြန်လည်ပေးအပ်လှူဒါန်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာအုပ်စာစောင်များလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လှူဒါန်းပွဲသို့တက်ရောက်လာကြသည့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်စာကြည့်တိုက(၂)တိုက်တို့မှ စာကြည့်တိုက်မှူးများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ လှူဒါန်းထားသည့် စာအုပ်စာစောင်များကို မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်ဦးမြင့်‌ဆွေနှင့် (အတွင်းရေးမှူး)ဒေါ်ခင်နှင်းဝေတို့ကက ရွှေဘိုစုကျေးရွာ၊ သုခမိန်စာကြည့်တိုက်နှင့် ညောင်ကုန်းကျေးရွာ၊ သုခဂ‌ဝေသီ စာကြည့်တိုက်တို့မှ စာကြည့်တိုက်မှူးများထံသို့ ပြန်လည်၍ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )