ကလောမြို့နယ်၌ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲပြုလုပ်

ကလော မတ် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှ ဖွင့်လှစ်သည့် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ Aeroics/ Zumba Dance ၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ လက်ဝှေ့များဖြစ်ပြီး ကျွမ်းကျင်သောနည်းပြဆရာ၊ ဆရာမများက မတ်လ ၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ အခမဲ့သင်ကြားပေးခဲ့ပြီး ကစားနည်းအလိုက်သင်တန်း ဆန်းစစ်ချက်များပြုလုပ်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်းတန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)