မိုင်းရှူးမြို့ (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြင့်မားလာစေရန် စာဖတ်ဝိုင်း ဆောင်ရွက်

မိုင်းရှူး ‌မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာဖတ်သူ တိုးပွါးလာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မင်းမင်းဇော်နှင့် အဖွဲ့ဝင်များ၊ Woman Club နှင့် Book Club အဖွဲ့ဝင်များ စုစုပေါင်း(၁၈)ဦးတို့က ၄င်းစာအုပ်ပါ အကြောင်းအရာများအား  အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)