နေပြည်တော် မတ် ၁၇
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုခဲ့ကြသည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သမိုင်းဘာသာရပ်ကို ဖြေဆိုကြရာတွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသူ (၃၅)ဦးဖြစ်သဖြင့် ဖြေဆိုမှု ၇၂.၉၂ ရာခိုင်နှုန်း၊ မြစ်သားမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဖြေဆိုသူ (၅၄)ဦး၊ ပျက်ကွက် (၁၉) ဦး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဖြေဆိုသူ (၂၆)ဦး၊ နွားထိုးကြီး မြို့နယ်အတွင်းရှိ အ.ထ.က(နွားထိုးကြီး) စာစစ်ဌာနတွင် ဖြေဆိုသူ (၆၂)ဦး၊ ပျက်ကွက် (၆)ဦး၊ တကောင်းမြို့နယ်အတွင်းရှိ အ.ထ.က(တကောင်း) စာစစ်ဌာနတွင် ဖြေဆိုသူ (၇)ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၇၇.၇၈ ရာခိုင်နှုန်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဖြေဆိုသူ (၁၄၁)ဦး တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၅၉) ဦးတို့ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် စာစစ်ဌာန စုစုပေါင်း (၉၇) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။