မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံ တရုတ်ဘာသာစကားနှင့် အင်္ဂလိပ်စာ (Grammar)သင်တန်း (အခမဲ့)ဖွင့်လှစ်

မိုးကုတ် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃)နာရီက အခြေခံ တရုတ်ဘာသာစကားသင်တန်းနှင့် အင်္ဂလိပ်စာ (Grammar) သင်တန်းတို့အား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သင်တန်းများဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် အဆိုပါ သင်တန်းများအား စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်သဖြင့် မိမိတို့အတွက် အကျိုးရှိအောင် သင်တန်းပြီးဆုံးချိန်အထိ ကြိုးစားသင်ယူကြရန်လိုပါကြောင်းစသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူများအား အင်္ဂလိပ်စာ(Grammar) သင်ကြားပေးမည့် သင်တန်းနည်းပြ ဒေါ်စန္ဒာအေးက အင်္ဂလိပ်စာသင်္ဒါ ဝါစင်္ဂ(၈)မျိုးအကြောင်းကိုလည်းကောင်း၊  အခြေခံ တရုတ်ဘာသာစကားကို သင်ကြားပေးမည့် သင်တန်းနည်းပြ ဒေါ်မီးမီးက တရုတ်ဘာသာ ဗျဥ်း/သရ၊ တရုတ်အသံအမျိုးအစား၊ တရုတ်စာရေးနည်းနှင့် အခေါ်အဝေါ် မိတ်ဆက်နည်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သ​ည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်ရာတွင် အခြေခံ တရုတ်ဘာသာစကားကို မွန်းလွဲ (၃)နာရီမှ (၄)နာရီအထိ၊ အင်္ဂလိပ်စာ (Grammar) ကို မွန်းလွဲ (၄)နာရီမှ (၅)နာရီအချိန်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ(၁၆)ရက်နေ့မှ ဧပြီလ(၅)ရက်နေ့အထိ အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြား​​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)