သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒ ဘာသာရပ်ဖြေဆိုသူ (၁၈၇) ဦးရှိ

သီပေါ မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက စတင်ဖြေလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိ သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း စာစစ်ဌာန (၂)ခုထားရှိရာ အ.ထ.က(၁) သီပေါစာစစ်ဌာနတွင် စာရင်းရှိ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၈၄)ဦးရှိရာ ယနေ့ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၇၃)ဦး (၉၄ ဒသမ ၀၂ရာခိုင်နှုန်း) ဖြေဆိုခဲ့ကြကြောင်း၊  အ.ထ.က နမ့်လန် စာစစ်ဌာနတွင် စာရင်းရှိဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးရှိရာ ယနေ့တွင်(၁၄)ဦး (၇၀ရာခိုင်နှုန်း) ဖြေဆိုခဲ့ကြကြောင်း၊ သီပေါမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂)ခုတွင် စာရင်းရှိ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၄)ဦးရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၇)ဦး( ၉၁ ဒသမ ၆၇ ရာခိုင်နှုန်း) ဖြေဆိုခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇)ဦး (၈ ဒသမ၃၃ ရာခိုင်နှုန်း)ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေးကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)