မိုင်းရှူး မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပဖြေဆိုနေပြီဖြစ်ရာ ယနေ့ နံနက်(၉)နာရီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အထက(မိုင်းရှူး)စာစစ်ဌာနနှင့် အထက(ဝမ်ကန်)စာစစ်ဌာန ၂ ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၈၅)ဦးတို့က အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှူန်းမှာ (၈၉ ဒဿမ ၄၇)ရာခိုင်နှူန်းရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ယာဉ်များနှင့်စက်သံများ ဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)