နမ့်ဆန်မြို့၌ အင်္ဂလိပ်စာ (အခြေခံ Grammar) သင်တန်းဖွင့်လှစ်သင်ကြားပေး

နမ့်ဆန် မတ် ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနသို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာ(အခြေခံ Grammar )သင်တန်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေသအဆင့်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ယခုဖွင့်လှစ်သောသင်တန်းမှ သင်ခန်းစာများကို မမေ့မလျော့စေဘဲ ကျောင်းစာများ သင်ယူပြီးမြောက်သည်အထိ မှတ်မိစေလိုပါကြောင်း ဂရုတစိုက် သင်ယူမှတ်သားစေလိုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာ (အခြေခံ Grammar) သင်တန်းကို သင်တန်းဆရာမအဖြစ်မြို့နယ်ပညာရေးမှူးရုံးမှ ဆရာမဒေါ်ဝေဝေလှိုင်က သင်ကြားပေးကာ၊ သင်တန်းသား (၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းတက်ရောက်သော ကျောင်းသား/သူများအား မြို့နယ် ပညာရေးရုံးမှူးရုံးမှ ကျောင်းသုံး ဗလာစာအုပ်(၅) ဒါဇင်နှင့် ခဲတံ(၁၀)ဒါဇင်တို့အား အခမဲ့ပေးဝေလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ (၁၅)ရက်နေ့မှ (၃၁) ရက်နေ့အထိ နှစ်ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်