ပိုင်ကျုံ မတ် ၁၄
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန် မွေးမြူရေးများကိုသာ အဓိကအားထားလုပ်ကိုင်ကြပြီး မိုးအကုန်ဆောင်းအကူးတွင် ယင်းတို့၏ကိုင်းမြေများ၌ တိရစ္ဆာန်မှထွက်ရှိသည့် သဘာဝမြေသြဇာများကိုအသုံးပြုလျက် ရွှေဖယုံမျိုးများကိုလည်း စိုက်ပျိုးထားကြသည်။
ရွှေဖယုံများကို အသီးဆွတ်ခူး၍ ရောင်းချရသည့်အပြင် အညွန့်များကိုလည်း ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိစေပါကြောင်း၊ ရွှေဖယုံသီးကို အလုံးအကြီးအသေးခွဲ၍ တစ်လုံးလျှင်ငွေကျပ် (၁၀၀၀ မှ ၂၀၀၀) အထိ ရောင်းချရကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ တောင်သူများအနေဖြင့် မိမိတို့၏ ကိုင်းမြေများတွင် ရွှေဖယုံအပြင် အခြားဟင်းသီး/ ဟင်းရွက်များ ကိုလည်း စိုက်ပျိုးထားပြီး မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆွတ်ခူးရောင်းချရသည့်အပြင် မိမိတို့၏ အိမ်နီးချင်းများကိုလည်း ဝေငှလှူဒါန်းနိုင်သည့်အတွက် ကုသိုလ်ဘည်းရရှိစေပါကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
နော်ခူး(ပြန်/ဆက်)