ဘားအံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ပေးနေသော ကျန်းမားရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဘားအံ မတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ပေးနေသော ကျန်းမာရေး ဝန်ထမ်းများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံ စားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ ပြည်သူ့ဆေးရုံကြီး၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊  ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/- နှုန်းဖြင့် လည်းကောင်း၊  မြေပဲဆီ တစ်ဘူးလျှင် ငွေကျပ် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း  သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ပေးနေသော ကျန်းမာရေးဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်  သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)